နင်..သိစေဖို့ကြိုးစားရင်း
စာသားမဲ့သွားတဲ့ ငါ့အလွမ်းတွေကို
သစ္စာတရားနဲ့ အချိုးချကြည့်တော့
စွန့်လွတ်လိုက်ခြင်းမှာ
အကြောင်းပြချက်မခိုင်လုံခဲ့ပါဘူး.....
မေ့ချင်ပါတယ်ဆိုမှ နင့်ရဲ့တချိန်က
ချိုမြိန်ခဲ့တဲ့ စကားတွေကို
ထပ်ခါ....ထပ်ခါအိမ်မက်နေတဲ့
ငါ့ ကိုငါလည်းစိတ်နာနေပြီ.....
တကယ်လို့များ....
ရင်ခုန်သံနဲ့အမျှ မဟုက်ခဲ့ရင်လဲ
တနေ၀င်သွားတိုင်း
နင်...ငါ့ကိုလွမ်းတက်တယ်ဆိုရင်
ငါချစ်ခဲ့ခြင်းက မာယာမပါခဲ့ဘူး...ချစ်သူ။။
McMinMin*ဆောင်းခိုငှက်*
No comments:
Post a Comment